လောင်းမလား


လူနှစ်ယောက်

အရက်ဘားတွင် အရက် သောက်နေ ကြသည် ။

ရေချိန် အတော်လေး ကိုက်လာသော အခါ

ပထမ လူက

“ ဟေး ငါ့မျက်လုံးကို ငါကိုက်ပြမယ်ဆို မင်းယုံမလား ”

ဒုတိယလူက သူ့ ညာဖက်မှာ ထိုင်နေတဲ့ ပထမလူကို တချက် ကြည့်လိုက်တယ် ။

နောက် ဒီလူ မူးနေပြီ လို့ တချက်တွေး လိုက်ရင်း

“ မယုံဘူးဗျာ ”

“ ဒါဆို အရက် တပုလင်းကြေး လောင်းမလား ”

“ လောင်းတယ်ဗျာ .. စိမ်လိုက် ”

ပထမလူက သူ့ရဲ့ ဘယ်ဖက်က မျက်လုံး အတုကို ထုတ်ပြီး ကိုက်ပြ လိုက်သည် ။

သို့ဖြင့် ဒုတိယလူက အရက် တလုံး ပေးလိုက်ရသည်။

ပထမလူက အရက် ဆက်သောက်ရင်း

ပုလင်း တဝက် ကျိုးတဲ့ အခါမှာ

“ ဟေး ကျန်တဲ့ မျက်လုံး တလုံးကို ငါ ထပ်ကိုက်ပြမယ် ဆိုရင်ကော

မင်း လောင်းအုံးမလားကွ ”

ဒုတိယလူက ပထမလူကို တချက် ထပ်ကြည့် လိုက်သည် ။

ဒီလူ တော်တော်ကြီး မူးနေပြီ ဆိုတာ သိသည် ။

နောက် ဒီလူ မျက်လုံးနှစ်လုံး စလုံးတော့ အတု မဖြစ်နိုင်ဘူးဟု တွေးလိုက်သည် ။

သို့နှင့်

“ လောင်းမယ် .. ဒီတခါ အရက် နှစ်လုံးကြေး ”

ဒုတိယလူ စကားဆုံးသည်နှင့် ပထမလူက

“ အိုကေ ” ဟု ဆိုလိုက်သည် ။

ထို့နောက် သွားအတု တွေကို ထုတ်ပြီး

ကျန်မျက်လုံးကို ထပ်ကိုက်ပြလိုက် လေသည် ။

.

.

.

.

😁😁😁

ကိုလုံ

Comments